ဘုတ်ပြင်းမြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင် လူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်

ဘုတ်ပြင်း   မတ်   ၁၅
 

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး၊ မြေပြင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယမန်နေ့ကစတင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

၂၀၂၃ခုနှစ်၊ သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆)များအား အခြေခံကာ ပြုစုထားသည့် အခြေခံမဲစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေ စာရင်းနှင့် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ကြောင်း ဘုတ်ပြင်း မြို့နယ်ရွေးကောက်ပွဲအရာရှိ ကပြောသည်။

ဘုတ်ပြင်းမြို့နယ်အတွင်း  ရပ်ကွက်/ ကျေးရွာအုပ်စု(၂၇ )အုပ်စုရှိ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်းများ  မြေပြင်လူဦးရေစာရင်းနှင့် မှန်ကန်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပါဝင်သော  အဖွဲ့ဖြင့် ရှေ့ပြေးလုပ်ငန်း စီမံချက်အဖြစ် ကွန်ပျူ တာနည်းပညာအသုံးပြု၍ တိုက်ဆိုင်  စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဖြူဖြူသိန်း(ပြန်/ဆက်)