ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၃၂၆)ဦး ဝင်ရောက်ဖြေဆိုမည်

ဘုတ်ပြင်း   မတ်    ၁၅


တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ(၃၂၆)ဦး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက္ကသိုလ်ဝင်တန်းတွင် တက်ရောက် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူ(၂၂၂)ဦးနှင့် ပြင်ပမှဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၀၄)ဦး၊ စုစုပေါင်း (၃၂၆)ဦးတို့က လျှောက်လွှာ(ဖောင်)များတင်ထားပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ဘုတ်ပြင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်ကြီးမဏ္ဍိုင်မြို့အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၂)ခုဖြင့် ကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။ 


ဖြူဖြူသိန်း(ပြန်/ဆက်)