မတ္တရာ မတ် ၁၅
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြို့အဝင်အထွက်နေရာများ၌ ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပြီးစီးခြင်း ရှိ/မရှိစစ်ဆေးပြီး မထိုးနှံရသေးသူများအား ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
ထို့သို့ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းကာ မတ်လ ၁၅ ရက် နေ့အထိ (၁၃၀၅၁၁) ဦးအား ပထမအကြိမ်နှင့် (၆၄၈၅၆)ဦးအား ဒုတိယအကြိမ် အဖြစ် ၆၆.၄၇ ရာခိုင်နှုန်း ကာကွယ် ဆေးများထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ်ကိုဗစ်၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)