ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး    မတ်     ၁၆

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီ ပထမအကြိမ်အစည်း အဝေး(၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်က ပထမအကြိမ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအားထုတ်နုတ်၍ ဦးစွာရှင်းလင်းဆွေးနွေးလိုပါကြောင်း၊နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရေးကို ဦးတည်ပြီး စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဟူသည့် အဓိကမဏ္ဍိုင် (၃)ရပ် ဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ရလဒ်ကောင်းများရရှိစေရန် ဦးစားပေး ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးကြရန် လမ်းညွှန်မှာကြားပါကြောင်း၊ ရှမ်းပြည်နယ်၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထာဝစဉ် ဖွံဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရေးရာ ကဏ္ဍကို အထူးအလေးထားကြီးကြပ် ဆောင်ရွက်ပေးကြပါရန်၊ မြို့ပြနှင့် ကျေးလက်ဒေသများတွင် စွန့်ပစ် ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ရေ၊လေ၊မြေ အရည်အသွေးများ ညစ်ညမ်းမှု မရှိစေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန်၊ တောမီးနှင့် အမှိုက်သရိုက် အပါအဝင် စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း ကြောင့် မီးခိုးမြူငွေ့ထုတ်လွှတ်မှုများ အတတ်နိုင်ဆုံး လျော့နည်းစေရေး ကဏ္ဍအလိုက် ဝိုင်းဝန်းထိမ်းသိမ်းပေးကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ပတ်ဝန်းကျင် ထိမ်းသိန်းရေးကော်မတီနှင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနှင့် ရှမ်းပြည်နယ်ပတ်ဝန်း ကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး ဦးသိန်းဌေးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြား ချက်များ၊ အစည်းအဝေး ဆုံးဖြတ်ချက်များအား ရှင်းလင်းဆွေးနွေးတင်ပြပြီး တက်ရောက်လာသော ပြည်နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့ဝင်များမှ ရှင်းလင်းဆွေးနွေးကာ  အတွင်းရေးမှူးဦးသိန်းဌေးမှ အစည်း အဝေးဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ဆွေးနွေးတင်ပြခြင်းနှင့် အတည်ပြုခြင်း  ဆောင်ရွက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် သယံဇတရေးရာ ဝန်ကြီး ဦးစိုင်းလိတ် က  နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)