ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ဟိုပန် မတ်  ၁၆

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေ​ရန်နှင့် ပင်ကိုယ်ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်စေရန်၊ အသိပညာဗဟုသုတများရရှိစေရန်တို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျင်းပပြုလုပ်ရာတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ဟောပြောပွဲနှင့်စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက " စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ " ခေါင်းစဉ်ဖြင့်အသိပညာပေး ဟော ပြောခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/ သူ (၁၂)ဦးက ဇာတ်လမ်း-မနှင်းဖွေး၊ သရုပ်ဖော်-ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်)၏ " တန်ဖိုးကိုယ်စီ" ပုံပြင်စာအုပ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဟိုပန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဆုရရှိသူ များနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့်ကျောင်းသား/ သူ များအား ဆုများနှင့် မေတ္တာလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်စာဖတ်စွမ်းရည် ပြိုင်ပွဲကို  ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက် )