မိုင်းဖြတ် မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးအပ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား သည့် အသက်(၂)နှစ်အောက် ကလေးငယ်များအား(MCCT)အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က ထောက်ပံ့ငွေများကို သက်ဆိုင် ရာရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ထောက်ပံ့ပေးအပ်သည့် မိခင်နှင့်ကလေးဦးရေ အလိုက်ရရှိသည့် ထောက်ပံ့ငွေများကို ရှင်းလင်းဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီနှင့် ကော်မတီ ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်ထွန်းတို့က ကိုယ်ဝန်ဆောင်မိခင် (၅၂၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၈၈)ဦးအတွက် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃)လစာ (၄၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၈၇၀)ဦးကို ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများသည် ၂၀၂၁ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူများမှတစ်ဆင့် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး