မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး

မိုင်းလုံ   မတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မိုင်းလုံမြို့ ဈေးရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက  စာဖတ်ပရိတ်သတ်များ  အားလပ်သောအချိန်ကို စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်၊ စာပေဖတ်ရှုမှုကို အဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ၊ ဝတ္တုစာအုပ်များ၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကိုယူဆောင်ပြီး  သွားရောက် ငှားရမ်းပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းကို လစဉ်ပုံမှန် ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင် ကတ်ပြား ကိုလည်း  ‌‌ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရှိရသည်။

ဇော်ဇော်(ပြန်/ဆက်)