မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဆွေး‌နွေးပွဲ(Talk Show)ကျင်းပ

မန္တလေး မတ်   ၁၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကို ယမန့်နေ့ညနေ(၃)နာရီက ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းနှင့်ပြည်ကြီးတံခွန်မြို့နယ် အခြေခံ ပညာအထက်တန်းကျောင်းအမှတ်(၃၂)မှ အထက်တန်းပြဆရာ ဦးဇော်ဝါထွန်းတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး လူငယ်များ မူးယစ်ဆေးကိုစမ်းသပ်သုံးစွဲရာ မှစွဲလန်းပြီးမူးယစ်သားကောင်ဖြစ်သွားသည့် အခြေအနေများ၊ မူးယစ်ဆေးစွဲပါက ဖြစ်ပေါ်လာသည့်ဆိုးကျိုးများ၊ မူးယစ်ဆေးအမျိုးအစားများ၊ စာပေဗဟုသုတ၊အနုပညာ၊ အားကစားစသည်တို့ဖြင့် လူငယ်များကို ပြုစုပျိုးထောင်ရမည့် နည်းလမ်းများ၊ ဆေးစွဲနေ သည်ကိုတွေ့ရှိရပါက ဆေးဖြတ်စေရေး ပူးပေါင်းဆောင်ရွက် ရမည့် နည်းလမ်းများ၊မူးယစ်ဆေး၏ ဆိုးကျိုးကိုလူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဆောင်ရွက်ရန်နည်းလမ်းများ စသည့်အချက်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)