ပင်းတယမြို့ Community Centre တွင် Book Club နှင့် စာဖတ်ဝိုင်းဆွေး​နွေးပွဲဆောင်ရွက်

                                    ပင်းတယ မတ်  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ပင်းတယမြို့နယ်တွင် စာပေဝါသ နာရှင်များနှင့် စာဖတ်ဝိုင်း​ဆွေး​နွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre )တွင် ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်​ထောက်ညွှန်ကြား​ရေးမှူး​ဒေါ်ကြူကြူ လှိုင်က စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စာ​ပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်အစီ အစဉ်များကို ပုံမှန်ဆောင်ရွက် သွားနိုင်ရေးတို့ကို ရှင်းလင်း ​ဆွေး​နွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက် လာသူများက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်ကောင်းနှင့် စကားပြောစွမ်းရည် စာအုပ်ဖြင့် စာဖတ်ဝိုင်း​ဆွေး​နွေးပွဲကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း​ဆွေး​နွေးပွဲကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူ အချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်း​ဆွေး​နွေးပွဲသို့ စာပေ ဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဒေသ(ပြန်/ဆက်)