ဗန်းမော်မြို့တွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကျင်းပ

ဗန်းမော်       မတ်    ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)ကို မတ် ၁၅ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗန်းမော်ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်စီမံကိန်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဗန်းမော်ခရိုင်အတွင်း၌ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်၊ လုပ်ငန်းများအကောင်အထည် ဖော်နိုင်မှုအခြေအနေများကို ပရိုဂျက်တာဖြင့် ရှင်းလင်း တင်ပြခဲ့သည်။ ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကောမတီ ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းစီမံကိန်းဆိုင်ရာများ၊ ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်အပေါ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်အထိ လုပ်ငန်းများအကောင်အထည်ဖော်နိုင်မှုအခြေအနေကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

ယင်းနောက် ဗန်းမော်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်း၌ ‌ဒေသဖွံ့ဖြိုးတိုးတက်စေရန် အတွက် သက်ဆိုင်ရာ ဌာနအသီးသီးမှ လက်ရှိဆောင်ရွက်နေဆဲလုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများက တင်ပြ ချက်များအပေါ် လုပ်ငန်းလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)