ဖျာပုံ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင် တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာနှင့်ဝန်ထမ်းများသည် အမှတ်( ၁၇) ရပ်ကွက်ရှိကန်တော် မင်္ဂလာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား "သက်ရှည်ကျန်းမာနေနိုင်ရေး တိုင်းရင်းဆေးဖြင့်ပညာပေး "ဆောင်ပုဒ်နှင့်အညီ ကွင်းဆင်း ဆေးကုသခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်ကအဆိုပါ ဘိုးဘွားရိပ်သာတွင် ဆောင်ရွက်ကြသည်။
ထိုသို့ တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေး ကုသပေးရခြင်းနှင့်ပတ်သက်၍ ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာန၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဇင်ဝင်းမာက" တိုင်းရင်း ဆေးပညာ ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား သက်ရှည်ကျန်းမာစွာဖြင့် နေနိုင်စေရန် အတွက်ရပ်ကွက်/ ကျေးရွာများသို့ အပတ်စဉ် ကွင်းဆင်း ဆေးကုသခြင်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား တိုင်းရင်းဆေး ပညာဖြင့်ကျန်းမာပျော်ရွှင်စွာ နေနိုင် စေရန်အတွက်သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကျန်းမာ ရေးစစ်ဆေးခြင်း၊ရောဂါဝေဒနာအလိုက် လိမ်းဆေး၊ သောက်ဆေးများပေးခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ကုသပေးရာ ကန်းတော်မင်္ဂလာဘိုးဘွားရိပ်သာရှိ အဘိုး(၁၈)ဦး၊ အဘွား (၁၃)ဦး၊စုစုပေါင်း (၃၁)ဦးတို့အားတိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြောင်း"ဖျာပုံခရိုင် တိုင်းရင်းဆေးကုဌာနခရိုင် တိုင်းရင်းဆေးဦးစီးမှုးထံမှ သိရှိရသည်။
အောင်ဝင်းနိုင်