ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၃၅၀)ဧက စိုက်ပျိုးရေများအပြည့်အဝပေးနိုင်ရေး သင်းတွဲမြောင်းတွင် ရေပြွန်(၅)လုံး ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်    မတ်    ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  သီးနှံမျိုးစုံ(၃၅၀)ဧက စိုက်ပျိုးရေများ အပြည့်အဝပေးနိုင်ရေးရေပြွန်(၅)လုံးပြန်လည် ပြုပြင်ပေးခြင်း လုပ်ငန်းများကို ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်း ဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန် ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါပြန်လည်ပြုပြင်ပေးသည့်  ရေပေးပြွန်(၅)လုံးသည် အရှည်(၂၀)ပေ၊အကျယ်(၁၀)လက်မ ပြွန်(၁) လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၈)လက်မ ပြွန်(၁)လုံး၊ အရှည်(၂၀)ပေ၊အကျယ်(၆)လက်မ ပြွန်(၃)လုံး စုစုပေါင်းရေပြွန်(၅)လုံးအပြင် အရှည်(၆)ပေ၊အကျယ်(၂)ပေခွဲ၊အမြင့်(၆)ပေ ရေတံခါး အဆောက်အအုံ (၅)ခု၊ အလျား(၂)ပေ၊အနံ(၂)ပေ ရေတံခါး(၅)ချပ်၊ ပြွန်ထိပ်ရေအဝင် ဝဲ/ယာမြောင်းနှုတ်ခမ်းများတွင် အရှည်(၁၂)ပေ၊ ထု(၂)ပေခွဲ၊အမြင့်(၆)ပေ ကျောက်သားစီခြင်း လုပ်ငန်းများနှင့် ပြွန်ရေအထက်ဘက် မြောင်းနှုတ်ခမ်းဝဲ/ယာတွင် အလျား(၂၅)ပေ၊ ထု(၁)ပေ၊ အမြင့်(၃)ပေ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့်သင်းတွဲရေပေးဝေရေးမြောင်းမှ ရေပြွန်(၅)လုံး၊ရေတံခါး အဆောက်အအုံ (၅)ခုနှင့်ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၃၅၀)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် လိုအပ်သလို ထိန်းညှိပေးဝေနှိုင်တော့မည်ဖြစ်ပြီး ရေအလေအလွင့်ဆုံးရှုံးမှုလျော့နည်း စေကာ လိုအပ်သည့်ရေပမာဏ ပြည်ဝစွာပေးဝေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာမှ  သိရှိရသည်။

သက်မောင်(ကျောက်ဆည်)