ကလောမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန (၆) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ (၁၄၈၈) ဦးဝင်ရောက်ဖြေဆိုမည်

ကလော မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လနှင့် ဧပြီလအတွင်းပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၆)ခုမှ စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၈၈)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကလောမြို့နယ်တွင် အ-ထ-က(၁) စာစစ်ဌာန၌ (၃၂၂)ဦး၊  အ-ထ-က(၂) စာစစ်ဌာန၌ (၂၆၉)ဦး၊ အ-ထ-က(၃) စာစစ်ဌာန၌ (၃၀၇)ဦး၊ အ-ထ-က (၅) စာစစ် ဌာန(၃၁၇)ဘော်ဆိုင်း စာစစ်ဌာန၌ (၄၁)ဦး၊ အ-ထ-က(၄)ဟဲဟိုး စာစစ်ဌာန၌ (၂၃၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၄၈၈)ဦးရှိကြောင်း သိရသည်။

ကလောမြို့နယ်၌ ယခင်၂၀၂၁-ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ (၅၀၅၈)ရှိပြီး ယခု ၂၀၂၂ ခုနှစ်တွင် စာစစ်ဌာန (၆)ခုမှ စာမေးပွဲဝင်ရောက်ဖြေဆို သူကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၈၈) ဦးဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)