မိုင်းရှူး မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဟိုက်ပါကျေး ရွာအုပ်စု၊ဟိုက်ပါကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့က ဟိုက်ပါရေတံခွန်ကွင်းပြင်တွင် ပေးအပ်ခဲ့ကြောင်း သိရ သည်။
ယင်းသို့ပေးအပ်ရာတွင် လွိုင်လင်ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထူးအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၄၉) ကတ်ကို ဒေသခံပြည်သူများလက်ဝယ် အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက် အရ ၃.၅.၂၀၂၁ ရက်နေ့မှ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ရာ ယမန်နေ့အထိ အိမ်ထောင်စုလူဦးရေ စာရင်း(၇၆၇)ခုနှင့် နိုင်ငံသားစိစစ်ရေကတ်ပြား (၆၉၈၁) ခု ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)