စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်

စဉ့်ကိုင်   မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ကြိုတင်ကာကွယ်ရေး  အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီ ကဆင်ဖြူကုန်းကျေးရွာအတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့် ပရဟိတအဖွဲ့၀င်များက Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  နှိုးဆော်ချက်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါသည်  မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုယခုအခါ ပိုမိုများပြားလာခြင်း၊ကိုဗစ်-၁၉ရောဂါသည်  ရောဂါလက္ခဏာ မပြသူများထံတွင်လည်းရောဂါပိုးကူးစက်ခံရမှုများရှိနေခြင်းကြောင့် ကိုဗစ်-၁၉ရောဂါ  ကူးစက်မှု မရှိစေရေး  ကြိုတင် ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် ကြိုတင် ကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံး   နေအိမ်အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ်တွင်ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်နှင့်မိမိကလည်း အခြားသူများထံ သွား​​ရောက်ခြင်းမပြုရန်၊ မဖြစ်မနေအရေးကြီးကိစ္စ ကြောင့်နေအိမ်ပြင်ပသို့ ထွက်ခွာပါကနှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲပါးစပ်၊နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊

ထိတွေ့ခြင်းမပြုလုပ်ကြရန်နှင့်နှာခေါင်းစည်း (Mask) မတပ်ဆင်သူများနှင့်  တွေ့ဆုံခြင်း၊  စကား ပြောခြင်း၊ လေ၀င်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်နှင့်မိမိတို့ နေအိမ်များကို   ပြတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက်ကောင်းအောင်ပြုလုပ်ကြရန်၊ အသုံးပြုပြီးသောနှာခေါင်း စည်း(Mask)များကို  စနစ်တကျွန့်ပစ်ရန်နှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံစားနေရသည်ဟု သံသယ ရှိပါက  နီးစပ်ရာကျန်းမာရေးဌာနများနှင့်ဆက်သွယ်၍ မပျက်မကွက်စစ်ဆေး ကုသမှု ခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ထိန်းချုပ်နိုင်ရန် ပြည်သူများအား လုံးလိုက်နာကြပြီး  ပူးပေါင်းပါ၀င်ပေးကြရန် ဆင်ဖြူကုန်း ကျေးရွာ အတွင်း  အသိပေးနှိုးဆော်ခြင်းများကို  ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက်ရှိသောကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလုံး၀မထိုးနှံရသေးသည့် မိဘပြည်သူ များ သက်ဆိုင်ရာဆေးထိုးစုရပ်သို့   ကိုဗစ်ကာကွယ်ဆေး မပျက်မကွက်သွားရောက်ထိုးနှံကြရန်နှင့် ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများအား ထိရောက် စွာ  စစ်ဆေးကြပ်မတ်  အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါ၍  သက်ဆိုင်ရာ  ဆေးထိုးနှံစုရပ်သို့ မပျက်မကွက်သွားရောက်ထိုးနှံကြရန် Hand Speaker ဖြင့် လှည့်လည်လိုက်လံ  အသိပေးနှိုးဆော်ခြင်းများ    ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)