U-17 အမျိုးသားဘောလုံးပြိုင်ပွဲနှင့် နွေရာသီအားကစားနည်း(၅)မျိုးသင်တန်း အခမဲ့ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အသက် (၁၇)နှစ်နှင့်အောက် (U-17) အမျိုးသားဘောလုံးပြိုင်ပွဲနှင့် နွေရာသီအားကစားနည်း(၅)မျိုး အခမဲ့သင်တန်းဖွင့်လှစ်နိုင်ရေးညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ချိုသဲမှ အသက်(၁၇)နှစ်နှင့်အောက် (U-17)အမျိုးသားဘောလုံးပြိုင်ပွဲနှင့် နွေရာသီအားကစားသင်တန်း (၁) ဘောလုံးအားကစားနည်း၊ (၂) ရိုးရာခြင်းလုံးခတ်အားကစားနည်း၊ (၃) မြန်မာ့သိုင်းပညာ၊ (၄) ပြေးခုန်ပစ်အားကစား၊ (၅) စားပွဲတင်တင်းနစ် အားကစားနည်းများကို သင်တန်းနည်းပြများနှင့် နည်းစနစ်တကျ သင်ကြားပို့ချနိုင်ရေး၊ မတ်လ (၂၅)ရက်နေ့မှ ဧပြီလ (၈)ရက်နေ့အထိ (၁၅)ရက်တာ အခမဲ့သင်တန်းဖွင့်လှစ် သင်ကြားပို့ချနိုင်ရေး ဝန်ထမ်းများနှင့် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း