(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ပြုလုပ်

သာစည် မတ် ၁၇

(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်သင်းသင်းက  ကျောင်းသား/သူများအား    တပ်မတော်နေ့နှင့်ပတ်သက်သော    သိမှတ်ဖွယ်ရာများကို   ဟောပြောဆွေးနွေးသည်။ ထို့နောက်(၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အကြိုပြသထားသော နံရံကပ်စာစောင်နှင့်သုတရသ စာအုပ်များကိုကျောင်းသား/သူများကကြည့်ရှုလေ့လာပြီးသိရှိလိုသည်များမေးမြန်းရာ မြို့နယ်ဦးစီးမှူးက ရှင်းလင်းဖြေကြားပေးသည်။

အဆိုပါပြပွဲသို့ သာစည်မြို့ အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသား/သူများနှင့် ဆရာ/မများတက်ရောက်ခဲ့ကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)