ထားဝယ် မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၃-ခု (၂၀၂၂)ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းပူဇော်ပွဲမဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကို ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်း တော် အဖွဲ့ ကထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ထားဝယ်မြို့၊ဇေယျဝတီကျောင်းတိုက် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသမဟာထေရ် မြတ်ကြီးထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ် တရားတော်များနာယူ ကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သီရိပျံချီဦးမြတ်ကိုက သာသနာရေး ဆိုင်ရာများလျှောက်ထားကာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၆)ပါးအား တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံ ချီဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့က ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တာဝန် ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မြိတ်မြို့၊ မော်တောင်ကျောင်းတိုက်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တနာရဒမဟာထေရ်မြတ်ကြီးထံမှ အနုမောဒနာတရားနာယူကြည်ညို၍ ရေစက် သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပြီး မင်္ဂလာ ဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်ကာ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)