ပလောက် မတ် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပလောက်မြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား ယမန်နေ့က နိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ရရှိ ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရ သည်။
ယင်းသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် (မရှိ)သေးသူများအား လုပ်ငန်းစဉ်(၄)မျိုးဖြင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး ပြုလုပ်ပေးရာ နိုင်(၃/က) (၉)ဦး၊ နိုင်(၃/ကမှနိုင်၆/က) (၁၄)ဦး၊ လဲလှယ်(၁၆)ဦးနှင့် ကတ်ပြား ပျောက်ဆုံး/ ပျက်စီး ၍ မိတ္တူလျှောက်ထားသူ(၁၂)ဦး သို့ဖြစ်ပါ၍ စုစုပေါင်း နိုင်ငံသား ကတ်ပြုလုပ်သူ (၅၁)ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် (လဝက)မှူးရုံးမှ သိရှိရ သည်။
နှင်းမြူလွင်