မတ္တရာမြို့နယ်၌ ၇၇ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

မတ္တရာ   မတ်  ၁၇

၇၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးစန်းယုမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ကျပန်း စကားပြောပြိုင်ပွဲများတွင် ဆုရှိသူများ၊ မူလတန်းအဆင့် ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ များတွင် ဆုရရှိသူများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ ကြသည်။

အဆိုပါ ၇၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်း စကားပြော၊ ကဗျာရွတ်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို မတ်လ ၈ရက်နေ့မှ ၁၀ရက်နေ့အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စိုးကျော်သူထွေး(မတ္တရာ)