ငါ့သရောက်မြို့သို့ဓာတ်အားပေးထားသော ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ငါ့သရောက်  မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်းဦးခရိုင်၊ ငါ့သရောက်မြို့တွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က  ငါ့သရောက်မြို့သို့ ဓာတ်အားပေးထား​သော ​သဓာတ်အားလိုင်း နှင့် မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို ငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော် ဦးဆောင်၍ လျှပ်စစ်ဝန်ထမ်းများက ပူးပေါင်းလုပ်ကိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ငါ့သရောက်မြို့သို့ ဓာတ်အားပေးထားသော လျှပ်စစ်ဓာတ်အားလိုင်းတစ်လျှောက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက load shed ဖြင့် ဓာတ်အား ပြတ်တောက်ချိန်တွင် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ လျှပ်စစ် မန်နေဂျာ ဦးဝေဖြိုးကျော်နှင့်ဝန်ထမ်းများက (၁၁) ကေဗွီ စက်စက်ယို ဖီဒါ တစ်လျှောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ မီးသုံးစွဲသူ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူများ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရန်၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ယူနစ်ပျောက်ဆုံးမှု ကျဆင်းစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းငါ့သရောက်မြို့ လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်ထံမှ သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)