မြင်းခြံ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာ ရွတ်၊ ပုံပြင်ပြော၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲ အချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် မြင်းခြံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးတင့်လှိုင်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြိုင်ပွဲများ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကဗျာ ရွတ်ဆို၊ ပုံပြင်ပြော၊ စာစီစာကုံးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆု ရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများအား အလယ်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးကျော်လင်း၊ ဒုတိယတိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ Book Club, Youth Club, Women Club တို့၏ နာယက ဦးမြင့်ဟန်တို့မှ ဆုများ အသီးသီး ချီးမြှင့် ခဲ့ကြသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ စာစီ စာကုံးပြိုင်ပွဲများ ပြုလုပ်နိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးသည့် အလှူရှင်များအား ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)