ကရသူရိ မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ ကို ယနေ့ နံနက် ၉ နာရီမှ စ၍ ကျောင်းသား/သူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့ အထက်တန်းကျောင်းရှိ ကျောင်းသား/သူများ နှစ်ဆုံး(တိုင်းစစ်)စာမေးပွဲအား အေးချမ်းသာယာစွာနှင့် အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေးကျောင်း အတွင်း/အပြင်လုံခြုံရေး၊ ကျောင်းသား/သူများ၏လုံခြုံရေးအား မြို့အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထိုနှစ်ဆုံးစာမေးပွဲကို နံနက် ၉ နာရီမှ ၁၁ နာရီအချိန်အထိ (Grade-9)/ (Grade-10)/ (Grade-11) ကျောင်းသား/သူများကဖြေဆိုလျက်ရှိပြီး နေ့လည်(၀၁:၀၀)နာရီမှ(၀၃:၁၅)အချိန်ထိ (Grade-4)/ (Grade-6)/ (Grade-7)/ (Grade-8) ကျောင်းသား/သူများ ဖြေဆိုရမည်ဖြစ်ကြောင်းအဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကျင်းပခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက် လျက်ရှိပြီး ကျောင်းသား/သူ များအေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)