ချမ်းအေးသာစံ မတ် ၁၇
(၇၇)နှစ်မြောက် တပ်မတော်နေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များဖြစ်ပေါ်စေရန်နှင့် ဖတ်မှတ်စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ရာ မြို့နယ်စာကြည့်တိုက်တွင် လာရောက် စာဖတ်ကြသော ကျောင်းသားကျောင်းသူ (၂၅) ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ စာဖတ် ရိတ်သတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်