တံတားဦး မတ် ၁၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ံရေးဦးစီးဌာနနှင့် အမက၊ ဆုံကုန်းကျောင်းတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကဗျာရတ်ဆိုပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းမှာ ကလေးများအနေဖြင့် တပ်မတော်နေ့ အကြောင်းသိရှိစေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တက်ရေး ကောင်းသော ယှဉ်ပြိုင်လိုစိတ် များ ဖြစ်ပေါ်လာစေရေး၊ အားလပ်သည့် အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ပညာဗဟုသုတရရှိရေးအတွက် စာငှားစာဖတ်ကြရန်၊ အချန်ကို အကျိုး ရှိစွာ အသုံးခတက်ရေး စာပေကိုလေ့လာဖတ်ရှုခြင်းအားဖြင့် အသိအလိမ္မာ ဉာဏ်ပညာ ဗဟုသုတတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားတိုးပွားလာ စေရန် ရည်ရွယ်၍ကျင်းပ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းမြို့နယ်ဦးစီးမှူး ဦးဘိုမောင်ထံမှသိရသည်။
ထို့နောက် ကဗျာရွတ်ဆိုပွဲသို့ တက်ရောက်လာကြသော ကလေးငယ်များက မိမိတို့လေ့လာဖတ်သော တပ်မတော်နေ့ ကဗျာများကို တစ်ဦးချင်းနှင့် အဖွဲ့အလိုက် စုပေါင်း၍ ရွတ်ဆိုကြပြီး တာဝန်ရှိသူများက ကလေးငယ်များအတွက် အမှတ်တရ လက်ဆောင်များ အသီးသီးပေးအပ်ကြကြောင်းသိရသည်။
ဦးရဲတင့်