တနင်္သာရီမြို့နယ်တွင်၂၀၂၂ခုနှစ်၊အဋ္ဌမတန်း(Grade-9)ဒုတိယနှစ်ဝက်ပြီးဆုံးခြင်းစာမေးပွဲစာစစ်ဌာန(၁၆)ခုတွင် စတင်ဖြေဆို

တနင်္သာရီ   မတ်  ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အဋ္ဌမတန်း(Grade-9) ဒုတိယနှစ်ဝက်ပြီးဆုံးခြင်းစာမေးပွဲ ကို စာစစ်ဌာန(၁၆) ခုတို့တွင် ယနေ့ နံနက် ၉ နာရီမှ ၁၁နာရီအထိ မြန်မာစာဘာသာကို စာစစ်ဌာနအလိုက် စတင်ဖြေဆိုကြ ကြောင်း သိရှိရသည်။

အဆိုပါ အဋ္ဌမတန်း(Grade-9)စာမေးပွဲကို အထက-တနင်္သာရီ(အပါအဝင်) စာစစ်ဌာန (၁၆) ခုတို့တွင် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးနှင့် လ/ထ ကြီးကြပ် ရေးမှူးများက ကြီးကြပ် လျက် စာရင်းရှိ ကျောင်းသား(၁၅၁)ဦးနှင့်ကျောင်းသူ(၂၂၀)ဦး ပေါင်း (၃၇၁)ဦးရှိ သည့်အနက် ယနေ့ဖြေဆိုသူ-ကျောင်းသား(၁၃၀)ဦး၊ ကျောင်းသူ(၁၉၉)ဦး ပေါင်း(၃၂၉)ဦး ဝင်ရောက် ဖြေကြပြီးကျောင်းသား(၂၁)ဦးနှင့်ကျောင်းသူ(၂၁)ဦး ပေါင်း(၄၂)တို့မှာ ဖြေဆိုရန်ပျက်ကွက်ကြသဖြင့် ဖြေဆိုမှု ရာနှုန်းမှာ (၈၈.၆၈)ဖြစ်ပြီး ပျက်ကွက်ရာနှုန်းမှာ(၁၁.၃၂)ဖြစ်ကြောင်း တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် မတ်လ ၂၃ ရက်နေ့အထိ စစ်ဆေးဖြေဆိုကြမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

အလားတူ တက္ကသိုလ်ဝင်တန်းအကြိုစာ မေးပွဲကိုလည်း မတ်လ(၁၇)ရက်နေ့မှစ၍တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် နေ့စဉ် ၉ နာရီမှ၁၂နာရီအထိ သက်ဆိုင် ရာ ကျောင်းအလိုက်ဖြေဆို ကြကြောင်း၊  အလားတူ ကျောင်းတွင်းစာမေးပွဲ အတန်းပြီးမြောက်ကြောင်း စာမေးပွဲအား Grade-1 မှGrade-10 အထိအား ၎င်းတို့ ၏ စာသင်ချိန်အတိုင်း တစ်နေ့လျှင် မနက်/နေ့ လည်(၂)ဘာသာစီနှုန်းဖြင့် ဖြေဆိုလျက် ရှိကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှသတင်း ရရှိသည်။

ယင်းသို့ အဋ္ဌမတန်း(Grade-9) စာမေးပွဲဖြေဆိုနေမှုကို မြိတ်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာစိုး၊ မြို့နယ်ပညာရေးမှူး ဦးခင်ဇော်နှင့်ကြီး ကြပ်ရေးအဖွဲ့များက စာစစ်ဌာနအလိုက် လိုက်လံကွင်းဆင်း၍ စစ်ဆေးကြကြောင်းသိရ သည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)