ပလောက် မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးဘေးသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ပလောက်မြို့၊ စည်ပင်သာယာဈေးကြီးအရှေ့၌ ကျင်းပသည်။
ထို့နောက် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက အချိန်တိုအတွင်း အရေးပေါ်ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်နည်း များကိုလက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါဇာတ်တိုက်လေ့ကျင့်ခြင်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး စည်ပင် သာယာရေးအဖွဲ့၊ မီးသတ်တပ် ဖွဲ့၊ ဈေးသူ/ဈေးသားများပူး ပေါင်းပါဝင်ဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်းသိရသည်။
မီးဘေးလုံခြုံရေးစီမံချက်ပါအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ် မီးလောင်မှုဖြစ်ပွားပါက စနစ်တကျဆောင်ရွက် တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ်ခြင်း ဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ မီးဘေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း ပလောက်နယ်မြေ မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။
နှင်းမြူလွင်