ပုလောမြို့နယ်၊ လှည်းကျွန်းဝကျေးရွာ၌ လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်းလမ်း ခင်းကျင်း

ပုလော     မတ်   ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်း ခင်းသည့် လုပ်ငန်း များကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လှည်းကျွန်းဝကျေးရွာတွင် အိမ်ခြေ (၄၀) ရှိပြီး မိုးရာသီရောက်သည့် အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမ များနှင့် ဒေသခံများ သွားလာရ ခက်ခဲသောကြောင့် နဂိုတည်ရှိသည့် မြေသား လမ်းပေါ်တွင် ထုထည် (၉)လက်မ၊ အလျား (၁) မိုင်၊ အကျယ် (၃၀) ပေရှိသော ကျောက်ခင်းမြေသားလမ်းကို မတ်လ (၁) ရက် နေ့မှ စတင်၍ စက်ယန္တာရားများ ငှားယူ ခင်းကျင်း လုပ်ကိုင် လျက် ရှိကြောင်း သိရသည်။

အဆိုပါ မြေသားကျောက်လမ်း ခင်းကျင်းရာတွင် ခန့်မှန်းကုန်ကျငွေ (၃၅) သိန်းကျော် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာအတွင်းရှိ တစ်အိမ်လျှင် ငွေ (၃)သောင်းကျပ်နှုန်း ထည့်ဝင်ကာ လိုအပ်သည့် ငွေကြေးကို လှည်း ကျွန်း ဝကျေးရွာမှ ဦးသိန်းဇော်က လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ကျေးရွာ ကော်မတီဝင် ဦးထွန်းရှိန်ထံမှ သိရသည်။

ထူးဝေယံ(ပုလော)