မြင်းခြံမြို့တွင် (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ်သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

မြင်းခြံ  မတ်  ၁၇

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရားဝန်းအတွင်းတွင် (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၃) နာရီ အချိန်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ ဆန္ဒတော်ပြည့်ဘုရား ဓမ္မာရုံတွင် မတ် (၁၂) ရက်နေ့မှစတင်၍ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပခဲ့ပြီး မတ်လ(၁၆) ရက်နေ့တွင် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ ပြုလုပ်ခဲ့သည်။ ထို့နောက် (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ကျင်းပ ပြုလုပ်ခဲ့ရာ မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော် အပါး (၁၀၀၀) ကြွရောက် အလှူခံတော်မူခဲ့ပြီး လောင်းလှူပွဲတွင် အလယ်ပိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး၊ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်လင်း၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်းများ တက်ရောက် လောင်းလှူခဲ့ကြသည်။

အဆိုပါ (၄၀) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲ သို့ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် ဇနီး အဂ္ဂမဟာ သီရိသုဓမ္မ သိင်္ဂီ ဒေါ်ရွှေဥ မိသားစုတို့မှ ဆွမ်းဆန်တော် (၁၀၀) အိတ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူး ချုပ် အောင်ဇော်ထွေးနှင့် ဇနီး ဒေါ်ဇာခြည်ဇင်ဝင်းတို့မှ ဆွမ်းဆန်တော် (၁၅) အိတ်နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များမှ လှူဒါန်းသည့် ဆွမ်း ဆန်တော် (၁၀၁၅) အိတ်နှင့် အခြားလှူဖွယ်ပစ္စည်းများ တန်ဖိုးငွေ (၃၅၅၂၅၀၀၀) ကျပ်အား မြင်းခြံမြို့နယ်အတွင်းရှိ သံဃာတော် အပါး (၁၀၀၀) လောင်း လှူခဲ့ကြောင်း သိရသည်။           

ကျော်စွာ(မြင်းခြံ)