သာစည်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး လက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေ

သာစည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အခမဲ့ဖြန့်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး  လက်ကမ်းစာစောင်များကို    ပြည်သူများလေ့လာပြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ယနေ့ နံနက် ၈ နာရီခွဲ က သာစည်မြိုမဈေးကြီး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင်   ကလေးအလုပ်သမားအဓိပ္ပာယ်၊  ကလေးအလုပ်သမားများ   ပပျောက်ရေးရည်မှန်းချက်(၃)ရပ်၊    ကလေးအလုပ်သမားများ၏ အသက်အရွယ်၊  ကလေး အလုပ်သမားများ၏  အလုပ်ချိန်ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ကာလ ကလေးအလုပ်သမားများ နှင့်ကျောင်းပညာရေး၊  ကိုဗစ်-၁၉  ဖြစ်ပွားနေသည့်အချိန်မှာကလေးများအား  ကလေးအလုပ် သမားဖြစ်စေခြင်းမှ  ပိုမိုကာကွယ်ကြပါစို့၊  ကလေးလုပ်သမားများ ပပျောက်ရေးအတွက် ပြည်သူ အားလုံး ဝိုင်းဝန်ကြိုးပမ်းကြပါစို့ စသည်ဖြင့် အသိပညာပေးအချက်များစွာ    ပါဝင်သော  လက်ကမ်းစာစောင် ၁၀၀  ကို  ပြည်သူများ  လေ့လာနိုင်ရန်   မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ဦးစီးမှူးဒေါ်သင်းသင်းနှင့်ဝန်ထမ်းများက  ဖြန့်ဝခဲ့ကြောင်း သိရသည်။ 

 မြို့နယ်(ပြန်/ဆက်)