ကျောက်ပန်းတောင်း မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး လှုပ်ရှားမှုအဖြစ်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် မျိုးချစ်သွေး လက်ကမ်းစာစောင်များ ကို၊ ယနေ့ နံနက်(၁၀)နာရီက မြို့မဈေးကြီး အနီးဝန်းကျင် ကားဂိတ်များနှင့် ဈေးဆိုင်များ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ရှေ့တို့တွင်ဖြန့်ဝေ ခဲ့ကြောင်းသိ ရသည်။
အဆိုပါ မျိုးချစ်သွေး လက်ကမ်းစာစောင်များကို ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများက ပြည်သူများလက်ဝယ် အရောက်ဖြန့်ဝေပေးခဲ့ပြီး၊ လက်ကမ်း စာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်း ကာကွယ်စောင့်ရှောက်ပေး ဆောင်ပုဒ်နှင့်အညီ ကလေးများအလုပ် ခိုင်းစေရာတွင် အသက်(၁၄)နှစ် ပြည့်ပြီးဖြစ်ရေး၊ ကလေးများအားအကြမ်းဖက်ခံရမှုမှ ကာကွယ်ပေးရေး၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဥပဒေနှင့်အညီ ထိရောက်စွာ အကာကွယ်ပေးရေး၊ အန္တရာယ်ရှိသောလုပ်ငန်းခွင်တွင် ကလေး များအလုပ် မလုပ်စေရေး၊အလုပ်လုပ်နေသောကလေးများအနေဖြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ယူနိုင်ရန်စီစဉ်ပေးရေးများနှင့် ကလေး အလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ဓာတ်ပုံများ၊ ကဗျာများ ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြ ထားပြီး၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများ လေ့လာသိရှိနိုင်စေရန် အချက်အလက်စုံလင်စွာ ရေးသားထားကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)