ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ဇေယျာသီရိ  မတ် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲ၊  ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် ပြည်သူများ အနေဖြင့် မိမိတို့ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ မိမိတို့စာကြည့် တိုက်အား အများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ယခုလို ဆွေးနွေးပွဲကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ ပြီးနောက် ဇေယျာသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဦးဇော်မင်းထိုက်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့်  ပြည်သူ့ စာကြည့်တိုက်များက စာပေဝါသနာရှင်များအတွက် လွန်စွာအကျိုး ရှိပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ စာကြည့်တိုက်များ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)