ပင်လောင်းမြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲ အေးချမ်းစွာစတင် ဖြေဆို

ပင်လောင်း မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲကို ယနေ့ နံနက်ပိုင်း ၌ အေးချမ်းစွာ စတင်ဖြေဆို လျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းစာမေးပွဲကို စာစစ်ဌာန (၄၄)ခု ဖွင့်လှစ်ပြီး အဋ္ဌမတန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား ၈၆၈ ဦးနှင့် ကျောင်းသူ ၁၁၆၀ တို့ ဝင်ရောက်ဖြေဆိုကြရာ သက်ဆိုင်ရာစာစစ်ဌာနအလိုက် စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် တာဝန်ကျဆရာ၊ ဆရာမ များက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အဋ္ဌမတန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှ မတ်လ ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲ(ပင်လောင်း)