မြစ်သား မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုံးပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း စုရပ်နေရာများအလိုက်ရှိ ရပ်ကွက်/ ကျေးရွာများ အရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက်(၈)နာရီခွဲ အချိန်မှ စတင်၍ ရွှေသူဌေးရပ်ကွက်၊ ရွာခိုင်ကြီးကျေးရွာ( အရှေ့သပြေသာ) ၊ မိုင်းမော(အိမ်ရှေ့တောင်)၊ ပခမ်း၊ ရစ်ကန်(အနောက်သပြေသာ)၊ ရေဝန်း(မုန္တောလေး)၊ ဒါးရယ် ကောင်း (ယွေး)၊ ကူမဲ အမှတ်(၂)စုရပ်နေရာများတွင် စုစုပေါင်း (၅၇၂)ဦး အတွက် ဆေး(၅၂)လုံး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများကို လည်း သတ်မှတ်ဦးစားပေး အုပ်စု အလိုက် သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် အဆိုပါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)