ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် ပယင်းလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးမြို့တွင်းလမ်းများအားကတ္တာထပ်ပိုး လွာခင်းပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်ဈေးတန်းရပ်ကွက်ပယင်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီ ဖြစ်ကြောင်းသိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကိုမန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၄.၈၆၄)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အရှည်(၄၂၀)ပေ၊ အကျယ်(၁၂) ပေ၊ ထု(၉) လက်မဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် သတ်မှတ်အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

အဆိုပါဈေးတန်းရပ်ကွက် ပယင်းလမ်းကတ္တရာ ထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ဈေးတန်းရပ်ကွက်အ တွင်းမှအိမ်ထောင်စု(၂၂၇)စု၊ လူဦးရေ(၁၂၀၉)ဦး အနေဖြင့် ရာသီမရွေး ဖြတ်သန်းသွားလာရာတွင် လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

တင်တင်ထွေး