သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

သရက်ချောင်း  မတ် ၁၇

 လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်စေရန်အတွက် လူကူကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ တွင်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်(၁၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ထားဝယ်)မှရဲအုပ် သန့်ဇော်ထွန်းက လူကုန်ကူးမှု/ လူမှောင်ခိုမှုဆိုင်ရာသိကောင်းစရာများ၊ လူကုန်ကူးသူ/လူပွဲစားများ၏ စည်းရုံးပုံနည်းလမ်းများ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာစောင့်ကြည့် ရေးအဖွဲ့၏ ဖွဲ့စည်းပုံနှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များ၊ မြန်မာနိုင်ငံအတွင်း တွေ့ကြုံရသောလူကုန်ကူးမှုပုံစံများ၊ ၂၀၂၀ပြည့်နှစ်နှင့် ၂၀၂၁ခုနှစ်အတွင်း အရေးယူ ဆောင်ရွက်ခဲ့မှုများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအကြောင်း သိ ကောင်းစရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပြောကြားပေးပါသော ရဲအုပ် သန့်ဇော်ထွန်းအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show များကိုဆက်တိုက်ပြုလုပ်ပေးရန် ရှိကြောင်းပြောကြားခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)