မူဆယ်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(အဌမတန်း) ကျောင်းသူ/ ကျောင်းသားများ နှစ်ဆုံးစာမေးပွဲဖြေဆို

မူဆယ် မတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်(အဌမတန်း) ကျောင်းသူ/ကျောင်းသားများ နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို အ.ထ.က အမှတ်(၁)၊ (၂)၊ (၃) နှင့် အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ယနေ့ နံနက် ၉ နာရီအချိန်က စတင်ဖြေဆိုခဲ့ကြ သည်။

အဆိုပါ ဖြေဆိုရာတွင် အ.ထ.က အမှတ်(၁)ကျောင်းတွင် ဖြေဆိုသူ ၃၆ ယောက်၊ အမှတ်(၂) ကျောင်းတွင် ဖြေဆိုသူ ၆၇ ယောက်၊ အမှတ်(၃)ကျောင်းတွင် ဖြေဆို သူ ၄၄ ယောက်နှင့် အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဖြေဆိုသူ ၃၂ ယောက် စုစုပေါင်းဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၁၇၉ ယောက် ရှိကြောင်း သိရသည်။ အဆိုပါ ဖြေဆိုမှုကို အ.ထ.က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ် (၃) ကျောင်းနှင့် အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းအုပ် ဆရာ/ဆရာမ များက ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)