ကျွန်းစုမြို့၌ အခြေခံပညာအလယ်တန်းအဆင့် (အဌမတန်း)နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား/သူ (၆၉၆)ဦး ဝင်ရောက်ဖြေဆို

ကျွန်းစု မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့် (အဋ္ဌမတန်း)နှစ်ဆုံး စာမေးပွဲကို ယနေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ  ကျင်းပပြုလုပ်ခဲ့ရာ မြန်မာစာဘာသာကို စာစစ်ဌာန(၂၂)ခုတို့၌ ကျောင်းသား/သူ (၆၉၆)ဦး ဝင်ရောက် ဖြေဆိုကြ ကြောင်း သိရသည်။

အဆိုပါ အဋ္ဌမတန်း(Grade-9)စာမေးပွဲကို အထက-ကျွန်းစု(အပါအဝင်) စာစစ်ဌာန (၂၂)ခုတို့တွင် စာစစ်ဌာနအလိုက် စာရင်းရှိ ကျောင်းသား(၂၄၇)ဦးနှင့် ကျောင်း သူ(၄၇၄)ဦး၊ စုစုပေါင်း (၇၂၁)ဦး ရှိသည့်အနက် ယနေ့လာရောက်ဖြေဆိုသူ ကျောင်းသား(၂၄၀)ဦး၊ ကျောင်းသူ(၄၅၆)ဦး၊ စုစုပေါင်း (၆၉၆)ဦး ဝင်ရောက်ဖြေကြပြီး ကျောင်းသား(၇)ဦးနှင့် ကျောင်းသူ(၁၈)ဦး၊ စုစုပေါင်း(၂၅)တို့မှာ ဖြေဆိုရန် ပျက်ကွက်ကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၉၇%)ဖြစ်ပြီး ပျက်ကွက်ရာနှုန်းမှာ (၃%) ဖြစ်ကြောင်း၊ နှစ်ဆုံးစာမေးပွဲကို မတ်လ(၂၃)ရက်နေ့အထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့်  စစ်ဆေးဖြေဆိုကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။    

စည်သူရအောင်(ကျွန်းစု)