မိုင်းတုံ မတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနရှိ Community Centre ခန်းမတွင် စာရေးဆရာအောင်သင်း၏ "လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်" စာအုပ် ကို ယနေ့နံနက် ၁၁ နာရီ ၃၀ အချိန်ကစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်က စာဖတ်ဝိုင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (BOOK CLUB)အသင်းဝင် ဦးမျိုးမင်းဟိန်းက ဦးဆောင်၍ စာရေးဆရာအောင်သင်း၏ "လူငယ်တွေအတွက် လူကြီးတွေရဲ့ ပန္နက်"စာအုပ်ထဲမှ "ဘဝ"နှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ဝင်းဝင်းခိုင်