ညောင်ဦး မတ် ၁၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီး တစ်ပိဿာ တစ်ရာကျပ်သာရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူ များအရှုံးနှင့် ရင်ဆိုင်နေရကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ခရမ်းချဉ်စိုက်ပျိုးတောင်သူ ဦးအေးကိုထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချဉ်စိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြုစိုက်ပျိုး ကြပြီး သစ်ထောင့်ကျွန်းကျေးရွာ၊ တောင်ဖက်တန်းကျေးရွာ၊ အထက်ညဉ့် ကျေးရွာ၊အ နောက်ပုလင်း ကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ ကြအိုကျေးရွာ၊ လက်ထုပ်ကျေးရွာတို့တွင် ခရမ်းချဉ်အမြောက် အများစိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ် ပျိုး(မျိုး)စေ့ထောင်ချိန် တစ်စေ့ တစ်အိတ်နှုန်းဖြင့်ပျိုး ထောင်ကြပြီး ရက်နှစ်ဆယ်ခန့်ရှိလျှင် စိုက်မည့်စိုက်ခင်းသို့ရွေ့ ပြောင်းစိုက်ပျိုးကြကြောင်းသိရ ပြီး စိုက်ခင်း ထဲစိုက်ပျိုးပြီး လေးဆယ်ငါးရက်ရှိလျှင် ခွပွင့်လိုက်လာပြီး အပွင့်ပွင့်၊ အသီးသီးလာ ကြောင်းသိရသည်။ ခွပွင့်အသီးသီးပြီးလျှင် အပွင့်ပွင့် နှုန်းပိုကောင်းလာပြီး အသီးသီးနှုန်းလည်း ကောင်းလာကြောင်း၊ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ် ချိန် နှစ်ရက်တစ်ခါ၊ သုံးရက်တစ်ခါဆွတ်ခူးပေး ရကြောင်းသိရသည်။ ထွက်ရှိလာသည့် ခရမ်းချဉ်သီးများ ညောင်ဦးဈေးကွက်နှင့်ပခုက္ကူ ဈေးကွက်ကိုအဓိကထားပို့ဆောင်ရောင်းချကြကြောင်းသိရပြီး ခရမ်းချဉ်သီးပေါ်ချိန်တစ်ပိသာ ၁၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့်၊ ဓာတ်ဆီဈေး၊ဒီဇယ်ဈေး၊ ဆွတ်ခူးခ၊ ထွန်ယက်ခ၊ ကားခတို့ဖြင့် တွက်ခြေမကိုက်ဖြစ်နေကြကြောင်း သစ်ထောင့်ကျွန်းကျေးရွာ တောင်သူ ဦးအေးကိုက ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD