ကျောက်ဆည် မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့်ဝန်ထမ်းများသည် ယနေ့မွန်လွဲ(၂)နာရီက အခြေခံပညာအထက်တန်းကျောင်းများတွင် ကလေးအလုပ် သမား ပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား ပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးသူငယ်များ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ၂၀၁၉ မှ ၂၀၂၃ ခုနှစ် ပထမငါးနှစ် စီမံချက်ရည်မှန်းချက်များ၊ ကလေး အလုပ်သမားပပျောက်ရေး ဆောင်ပုဒ်များ၊ မြနှင်းသုန် ရေးသားသည့် "သင့်ကြောင့်" ကဗျာ စသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)