ကြံခင်း မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတွင် တပ်မတော်နေ့သမိုင်းကြောင်းများ၊ တပ်မတော်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဗဟုသုတစုံလင်စွာ ရရှိစေရန်၊ သုတ၊ ရသစာအုပ်များ၊ ဝထ္ထု၊ ကာတွန်းစာအုပ်မျိုးစုံအား ခင်းကျင်းပြသထားရာ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့များ၊ စာပေဝါသနာရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် နေ့ထူးနေ့မြတ်များနှင့် လစဉ်အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများ ဗဟုသုတတိုးပွားစေရန် နံရံကပ်စာစောင် ပြသပေးခြင်း၊ စာအုပ်စာစောင် ပြသပေးခြင်း၊ Talk Show အစီအစဉ်များ ကျင်းပပေးခြင်း၊ စာဖတ်ဝိုင်းများနှင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိုး