ကော့သောင်း မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့သို့ရောက်ရှိပြီး ကော့သောင်းမြို့၏ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ဝန်ကြီးသည် မွန်းလွဲ (၁၁) နာရီခွဲက ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဌာနသို့ ရောက်ရှိပြီး ပြည်သူ့ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနေမှုကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိ သူများအား ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ပြည်တွင်းကူးစက်မှု ဖြစ်ပေါ်လျက် ရှိသဖြင့် အထူးသတိပြုကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများသည် လည်း လွန်စွာအရေးကြီးပြီး ပြည်သူများလူတိုင်းကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အထူးအလေးထား လုပ်ဆောင် နေမှုကို အားရမိပါကြောင်း၊ မြို့နေပြည်သူများအား ကာကွယ်ဆေးရာခိုင်နှုန်းပြည့် ထိုးနှံပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့မဆိပ်ကမ်းတံတားသို့ရောက်ရှိပြီး ထိုင်းနိုင်ငံရနောင်းမြို့မှ ပြန်လည်လွှဲပြောင်း ပေးအပ်သည့် နေရပ်ပြန်မြန်မာနိုင်ငံသားများပြန်လည်လက်ခံ နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ကော့သောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက နေရပ်ပြန်များအားပြန်လည်လက်ခံမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးက နေရပ်ပြန်နိုင်ငံသားများအား ပြန်လည်လက်ခံရာတွင် အထူးသဖြင့် မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိမရှိ၊ မူးယစ်ဆေးဝါးနှင့်ကိုဗစ်-၁၉ရောဂါအပါအဝင် အိုမီခရွန် ရောဂါ ကူးစက်ခံရသူများပါဝင်လာ မှုကိုဂရုပြုစစ်ဆေးကြရန် တာဝန်ရှိအဖွဲ့အစည်းများကို မှာကြားပြီးနေရပ်ပြန် မြန်မာနိုင်ငံသားများအား နှစ်သိမ့်အားပေး စကား ပြောကြားပြီး လိုအပ သည့်ကူညီပံ့ပိုး မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)