ရေဖြူ မတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင်အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၇ နာရီအချိန်က ရေဖြူမြို့ ပြည်လုံးချမ်းသာစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ရေဖြူမြို့ဓမ္မမာမကကျောင်းဆရာတော်ဦးဝေပုလ္လ၏ ဦးဆောင်မှုဖြင့် ပြည်လုံးချမ်းသာစေတီတော်ရင်ပြင်တွင် တပေါင်း လဆန်း(၁၃)ရက်မှ တပေါင်း လပြည့်နေ့အထိ အသံမစဲ မဟာပဋ္ဌာန်းကို သံဃာတော်အရှင်သူမြတ်များက ရွတ်ဖတ်ပူဇော်ပြီး ယနေ့နံနက်တွင် ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပင့်သံဃာ(၂၇)ပါးကြွရောက်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းကာ သံဃာတော်များအား ဆွမ်းဆန် စိမ်းလောင်းလှူကြောင်း သိရသည်။
ခတ္တာ