တာချီလိတ်မြို့၌ မီးဘေးအန္တရာယ် လုံခြုံရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်

တာချီလိတ် မတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းမြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်‌‌ရေးအတွက် အရေးပေါ် မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်မှုကို မတ်လ ၁၆ ရက် ညနေပိုင်းက ခရိုင်/ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက မီးလောင်မှုဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြု၍ မီးငြိမ်းသတ်ရမည့် နည်းစနစ်များ၊ မီးလောင်ကျွမ်းမှုအဆင့် သတ်မှတ်ချက်များနှင့် မီးသတ်မော်တော်ယာဉ် ဖြင့် မီးငြှိမ်းသတ်ခြင်းများကို ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြသ၍ မြို့မစျေးတွင် တာဝန်ကျသည့် ဝန်ထမ်းများနှင့် ညစောင့်များက ဆီမီးလောင်မှုကို လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခဲ့ကြ သည်။

ထို့နောက် ဈေးအတွင်း မီးသတ်ရေကန်တွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ရေငုတ်များ တပ်ဆင်ထားမှုများကို တာဝန်ရှိသူတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယာဆေး ( ပြန်/ဆက်)