မြင်းခြံ မတ် ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁၆) ရပ်ကွက် ဌေးပရိယတ္တိစာသင်တိုက် တိုက်အုပ် ဆရာတော်အား နိုင်ငံတော်အစိုးရမှ တပေါင်းလပြည့်နေ့တွင် ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမ ဟာရ ဂုရုဘွဲ့ တံဆိပ်တော်အား အလှူခံတော်မူပြီး ယမန်နေ့ ညနေ ၃ နာရီ အချိန်တွင် မြင်းခြံမြို့ သို့ ပြန်လည် ကြွချီလာရာ လမ်းတစ်လျောက်တွင် ဆရာတော်အား ဒေသခံပြည်သူများက ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။
ဆရာတော်ကြိုဆိုမှုတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အကျိုးတော်ဆောင် အဖွဲ့များက ဦးဆောင်၍ ယနေ့ ညနေ ၃ နာရီ အချိန်တွင် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာ မြို့တွင်း လမ်းတစ်လျှောက် ပြည်သူများက ကြိုဆိုဂုဏ်ပြု၍ အပူဇော်ခံခဲ့သည်။ ထို့နောက် မြို့တွင်းမှ လှည့် လည်အပူဇော်ခံပြီး ဆရာတော်သတင်းသုံးရာ အမှတ်(၁၆) ရပ်ကွက် ဌေးပရိယတ္တိစာသင်တိုက်သို့ ပြန်လည်ကြွချီခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)