Moible ဖုန်းဖြင့်ဗွီဒီယိုသတင်းရိုက်ကူး၊ တည်းဖြတ်နည်းသင်တန်း ဝန်ထမ်းများအားလေ့ကျင့်သင်ကြားပေးခြင်း

တနင်္သာရီ  မတ် ၁၈

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ  ဝန်ထမ်းများအားလုံး Moible ဖုန်းဖြင့်သတင်းဓါတ်ပုံ၊ ဗွီဒီယို သတင်းများ ရိုက်ကူးခြင်း၊ တည်းဖြတ်နည်းများကိုသင်ယူတတ်မြောက်ပြီးလက်တွေ့အသုံးပြုနိုင်စေရန်အတွက် ဦးစီးအရာရှိ(တာဝန်ပေး)ဦးထိန်ဝင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Cemtre အတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လက်တွေ့သင်ကြားပေးခဲ့သည်။

၎င်းသင်တန်းတွင် ဦးစီးအရာရှိ(တာဝန်ပေး)ဦးထိန်ဝင်းက မိမိတို့၏ ဌာနအနေဖြင့် သတင်းရေးသားပေးပို့ခြင်းလုပ်ငန်း ဝန်ဆောင်မှုသည် အထိရောက်ဆုံးနှင့် အရေးပါဆုံးဖြစ်သဖြင့် မိမိတို့ဝန်ထမ်းများသည် တတ်မြောက်လေ့ကျင့်ထားဖို့လိုအပ်သဖြင့် ယခုကဲ့သို့ သင်ကြားပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ဓာတ်ပုံကျွမ်းကျင်(၂)တာ ဝန်ထမ်းဆောင်စဉ်က ဓာတ်ပုံသင်တန်း(၂/၂၀၁၇) မန္တလေးမြို့နှင့် ဗွီဒီယိုသတင်းရိုက်ကူး၊ တည်းဖြတ်ပေးပို့ခြင်း သင်တန်းအမှတ် စဉ်(၂) (ရန်ကုန်တိုင်း)တို့မှ သင်တန်းအတွေ့အကြုံများ၊ လက်တွေ့ရိုက်ကူး၊တည်းဖြတ် အသံသွင်း ပေးပို့ခြင်းအတွေ့အကြုံများကို ကျန်ရုံး ဝန်ထမ်းများဖြစ်သောဒုဦးစီးမှူး၊ စာ/ထောက်(၃)နှင့် အစောင့်ဝန်ထမ်းများအား Moible ဖုန်းကိုင်တွယ်နည်း၊ Moible ဖုန်းဖြင့် သတင်းဓာတ်ပုံ အယူအဆနှင့် တုန်ခါမှုမရှိစေဘဲ လက်ငြိမ်အောင်ရိုက်ကူးနည်းများ၊ Kine Masster Software အသုံးပြု၍ အရုပ်နှင့်အသံကိုက်ညီအောင် Editing လုပ်နည်းများကို လက်တွေ့ သင်ကြားလေ့ ကျင့်ပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)