ဝမ်းတွင်း မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ပိုင်းက အ.ထ.က (ဝမ်းတွင်း)နှင့်ဝမ်းတွင်းဈေးကြီးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြန့်ဝေပေးသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ် သမား ပပျောက်ရေးရည်မှန်းချက်(၃)ချက်၊ ကလေး အလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများရဲ့အသက်အရွယ်၊ ကလေးအလုပ်သမား များရဲ့အလုပ်ချိန် ကန့်သတ်ချက်၊ ကိုဗစ်-၁၉ရောဂါ ကာလအတွင်း ကလေးအလုပ်သမားများနှင့် ကျောင်းပညာရေး၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်အချိန်မှာကလေးများအား ကလေးအလုပ် သမားဖြစ်စေခြင်းမှပိုမိုကာကွယ်ကြပါစို့၊ ကလေးအလုပ်သမားပပျောက်ရေးအတွက်ပြည်သူအား လုံးဝိုင်းဝန်းကြိုးပမ်းကြပါစို့ စသည့်ပြည်သူများ အား အသိပညာပေးခြင်းများစွာ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်မူမြစော၊ ဒုတိယ ဦးစီးမှူးဦးမြင့် ဇော်၊ဓါတ်ပုံကျွမ်းကျင်-၂ ဦးဌေးလှိုင်၊ စာကြည့်တိုက်မှုးဦးတင်လှိုင်၊ ရုပ်သံ-၃ ဦးသိန်းမြင့်နှင့်ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်သည့် အခြေခံပညာကျောင်းများနှင့်ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)