ညောင်ဦးမြို့နယ်ထွက် ဆွန်တာနီပဲများ ဈေးကောင်းရရှိ၍ စိုက်ပျိုးတောင်သူများအဆင်ပြေ

ညောင်ဦး  မတ်  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးထားသည့် ဆွန်တာနီပဲများ အောင်မြင်ဖြစ်ထွန်း၍ ပဲများရိတ်သိမ်းဆွတ်ခူးချိန် ယခင်နှစ် က ထက်ဆွန် တာနီပဲဈေးပိုရ ခြင်းကြောင့်စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေကျချိန် ‌ဆောင်းသီးနှံစိုက်ပျိုးထားသည့် ဆွန်တာနီ ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့် ရိတ်သိမ်းရောင်းချချိန် ဆွန်တာနီပဲ တစ်တင်း ၄၁၅၀၀ ကျပ်ရောင်းချရခြင်းများကြောင့် ဆောင်းသီးနှံစိုက်ပျိုးသည့် ကျွန်းစိုက်တောင်သူများ လုပ်ငန်း အဆင်ပြေ လျက်ရှိကြောင်း ဗုဒ္ဓကုန်းကျေးရွာ ဆွန်တာနီ ပဲစိုက်ပျိုးတောင်သူ ဦးရဲမြင့်ကပြောကြား၍သိရသည်။ ဆောင်းသီးနှံများရိတ်သိမ်းချိန်၊ခူး ဆွတ်ချိန် ဒေသခံနေ့စား လုပ်သား၊ အလုပ်သမတွေလည်း မိသားစုများနေ့စဉ်ဝင်ငွေရရှိနေ ကြပြီးအဆင်ပြေလျက် ရှိကြောင်းသိရသည်။ ညောင်ဦးမြို့နယ်ဒေသခံ တောင်သူများသည် ဧရာဝတီမြစ်ရေကျချိန်တွင် ကျွန်းမြေများ ပေါ်စိုက်ပျိုးကြခြင်းကြောင့် အပင်များမြေဆီ ကျွေးရမှုသက်သာပြီး အပင်များ သန်မာကြီးထွားကာ ပဲထွက်နှုန်းများ လည်း အထူးကောင်းမွန်ကြောင်း၊ ကျွန်မြေစိုက်ပျိုး တောင်သူများပဲအမျိုးမျိုးစိုက်ပျိုးကြပြီး စိုက်ပျိုးကြသည့်ပဲ တိုင်းဈေးနှုန်းကောင်းရရှိကြ ကြောင်းလည်း သိရသည်။ ညောင်ဦးမြို့နယ် ကျွန်းပေါ်မြေစိုက်ပျိုးကြသည့် ဆွန်တာနီပဲ သီးသန့်စိုက်ပျိုးသည့် တောင်သူများအထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းများလည်း တစ်တင်း ၄၁၅၀၀ ကျပ် ရရှိခြင်းကြောင့် တွက်ခြေကိုက်နေကြကြောင်း တွန်တာနီပဲတစ်တင်း ၁၉ပိဿာ အချိန်ရှိကာ ထွက်ရှိလာသည့် ဆွန်တာနီပဲများအား ပခုက္ကူပဲပွဲရုံများသို့ သွားရောက်ရောင်းချကြ ကြောင်း သိရသည်။

ကိုထိန်၊KPD