ကျွန်းစု မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ့ ၄ အချိန်က ကျွန်းစုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက မတ်လ ၃၁ ရက်နေ့မှဧပြီ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စာမေးပွဲကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ စာစစ်ဌာနများ အလိုက်အေးချမ်းစွာဖြေဆိုနိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များနှင့် အခက်အခဲများအားတင်ပြကြရန်ဆွေး
နွေးပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက စာစစ် ဌာန(၅)ခုရှိပြီး တက္ကသိုလ်ဝင်တန်း ဖြေဆို မည့် ကျောင်းသား/ကျောင်းသူ(၅၀၇)ဦးရှိကြောင်းနှင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးတင်ပြခြင်း၊ လက်ထောက် ပညာရေးမှူးဦးသူရစိုးက စာမေးပွဲကာလအတွင်း လုံခြုံရေး၊ ရေ၊မီးနှင့် လမ်းခရီးသွားလာရေးကိစ္စမျာအား ဆွေးနွေးတင်ပြခြင်း၊ အထက-ကျွန်းစုကျောင်းအုပ် ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက စာစစ်ဌာနများ၏အခက်အခဲများ တင်ပြ ခြင်း၊ အထက-ကတ္တ လူ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဌေးက မိမိတို့စာစစ်ဌာနမှ ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား /ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် လိုအပ်သည့်များအား သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စံပယ်ဖြူ(ကျွန်းစု)